Prostrate problems ( အမျိုးသားများ ဆီးကျိတ်တွင် ဖြစ်လေ့ရှိသော ရောဂါမျာ...
12-May-2017
အမျိုးသားများတွင်ရှိသော ဆီးကျိတ်(prostate)ဂလင်းဆိုသည်မှာ သုတ်ပိုးထုတ်လုပ်ခြင်းတွင်ပါဝင်သော အဂါင်္တစ်ခုဖြစ်ပြီးဆီးသွားရာလမ်းမှာလည်း ၄င်းအတွင်းမှဖြတ်သန်းသွားရသည်။ ပုံမှန်သစ်ကြားသီးအရွယ်ရှိပြီး ကြီးလာယောင်လာလျှင် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
ဖြစ်နိုင်သောရောဂါများမှာ
- ဆီးကျိတ်ယောင်ရမ်းခြင်း
- ဆီကျိတ်ကြီးခြင်း၊ထူခြင်း
- ဆီးကျိတ်ကင်ဆာဖြစ်ခြင်း တို့ဖြစ်တတ်သည် ။
ဆီကျိတ်ရောင်ရမ်းခြင်း
ဆီးကျိတ်အတွင်း ပိုးဝင်ခြင်းကြောင့် ဆီးကျိတ်ယောင်ရမ်းတတ်ပြီး အများအားဖြင့် သက်ငယ်နှင့်သက်လတ်ပိုင်းအရွယ်တွင် ဖြစ်တတ်သည်။ အဖြစ်များလေ့မရှိပါ။
ဆီးကျိတ်ကြီးခြင်း၊ထူခြင်း (BPH)
ကင်ဆာမဟုတ်သော ပုံမမှန်ဆဲလ်ပွားခြင်းကြောင့် ဆီးကျိတ်ကြီးခြင်း၊ထူခြင်း ဖြစ်စေခြင်းဖြစ်သည်၊ဆီးလမ်းကြောင်းဖိခံရခြင်းကြောင့် ဆီးနှင့်ပတ်သက်သောရောဂါလက္ခဏာများ ခံစား ရလေ့ရှိသည်။အမျိုးသားများစုအသက်ကြီးလာလျှင် အဖြစ်များလေ့ရှိသော ရောဂါတစ်မျိုးဖြစ်သည်။
ဆီးကျိတ်ကင်ဆာ
အမျိးသားများတွင် အဖြစ်များလေ့ရှိသော ကင်ဆာရောဂါဖြစ်ပြီး အမျိုးသား၃၅ယောက်တွင်တစ်ယောက်သည် ဤရောဂါကြောင့်သေဆုံးတတ်သည် ။ အသက်ကြီး(အများအားဖြင့်၆ဝကျော်လျှင်)ပိုဖြစ်နိုင်ပြီး မိသားစုမျိုးရိုးရှိလျှင်ပိုဖြစ်နိုင်ချေများသည်။
ဆီးကျိတ်တွင်ရောဂါဖြစ်လျှင် ပြတတ်သောလက္ခဏာများ
- ဆီးမကြာခဏသွားခြင်း (အထူးသဖြင့် ညဖက်ပိုင်းများတွင်)
- ဆီးသွားနေလျှင်ခက်ခဲခြင်း
- ဆီးသွားပြီးလျှင် ဆီးကျန်နေသည်ဟုခံစားရခြင်း
- ဆီးသွားလျှင်ပူခြင်းအောင့်ခြင်း
- ဆီးထဲတွင် အနည်၊အဖတ်၊ သွေးပါလာခြင်း
- ဆီးလုံးဝမသွားနိုင်ခြင်း
- ခါးနာခြင်း
- ချမ်းတုန်ဖျားခြင်း
အချို့ဆီးကျိတ်ကင်ဆာများတွင် မည်သည့်ရောဂါလက္ခဏာမှမပြခြင်းမျိုး လဲဖြစ်တတ်သည်
ကာကွယ်နည်းများ
- အဆီလျော့နည်းသော အစာအသောက်များ ၊ အသီးအနှံ ၊ အသီးအရွက်များ စားသုံးခြင်း
- ကျန်းမာသောနေထိုင်စားသောက်မှု စနစ်ကိုကျင့်သုံးခြင်း
- တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုခြင်း (အမျိုးသားလိင်တံကို လဲစနစ်တကျ သန့်သန့်ရှင်းရှင်းထားခြင်း)
ကုသခြင်းနည်းများ
- ပိုးဝင်လျှင် ပိုးသတ်ဆေးသောက်သုံးပေးရန်လိုအပ်သည်
- ဆီးကျိတ်ထူခြင်း ကြီးခြင်းအတွက် ဆေးဝါးဖြင့်ကုသခြင်း (ဆီးအိမ်ကြွက်သားလျော့ဆေး ၊ ဂလင်းအရွယ်စားသေးေစေသောဆေး အစရှိသဖြင့်)
- လိုအပ်လျှင် ခွဲစိတ်ကုသမှုများပြုလုပ်ရသည်
-ကင်ဆာရောဂါဖြစ်လျှင် ခွဲစိတ်ခြင်း ၊ ဓာတ်ကင်ခြင်း ၊ ဆေးသောက်ခြင်း ၊ ဟော်မုန်းဖြင့်ကုသခြင်း နည်းလမ်းများရှိသည်
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
